၃၀ ဇန်နဝါရီ

ဗင်နီဇွဲလား နိုင်ငံတော်တရားရုံးချုပ် က စင်ပြိုင်သမ္မတ ဂွိုက်ဒို ကို တိုင်းပြည်ကနေ ထွက်ခွာခွင့်နဲ့ ဘဏ်အသုံးပြုခွင့်ပါ မနေ့က (အင်္ဂါနေ့) ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂွိုက်ဒိုကို အမေရိကန်အစိုးရက ထောက်ခံပေးနေတာကို ပျက်ပယ်ဖို့အတွက် သမ္မတ နီကိုလာ မာဒူရို က ကြိုးစားမှုတစ်ရပ်ဖြစ်ပါတယ်။

အသက်၃၅ နှစ်အရွယ် အင်ဂျင်နီယာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂွိုက်ဒိုကို နိုင်ငံတွင်းက ငြိမ်းချမ်းကို ထိခိုက်စေတဲ့အတွက်  စုံစမ်းစစ်ဆေးရေးလုပ်ပြီးတဲ့အထိ နိုင်ငံပြင်ပကို ထွက်ခွာခွင့်မပေးဘူးလို့ ဗဟိုတရားရုံး ဥက္ကဋ္ဌ မိုင်ခယ် မိုရန်နိုက ပြောပါတယ်။ တရားရုံးက မာဒူရိုဘက်ကို သစ္စာခံအဖြစ် ဆက်လက်တည်ရှိ နေပုံရပါတယ်။

 

mdn

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စင်ပြိုင်သမ္မတ ဂွိုက်ဒိုကို အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဗင်နီဇွဲလားပိုင် ဘဏ်အကောင့်တွေကို လက်လွဲပြောင်းပေးပြီးနောက်ပိုင်းမှာ အခုလိုမျိုး လုပ်လာတာဖြစ်ပါတယ်။  အဲဒီလို ဘဏ်အကောင့် လွဲပြောင်းပေးပြီး နောက်ပိုင်း ဗင်နီဇွဲလား အစိုးရပိုင် ရေနံကုမ္ပဏီ PDVSA ကို တနင်္လာနေ့က ပိတ်ဆို့အရေးယူလိုက်ပါတယ်။

စင်ပြိုင်သမ္မတ ဂွိုက်ဒိုက ဒီခြိမ်းခြောက်မှုအပေါ် သူ့အနေနဲ့ တုန်လှုပ်မှာမဟုတ်ဘူး လုပ်စရာရှိတာတွေကို သူတို့ဆက်လုပ်သွားရမှာ ဖြစ်လို့ သတင်းထောက်တွေကို အမျိုးသားလွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။ ဒီသီတင်းပတ်အတွင်းမှာ မာဒူရိုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီး နှစ်ခုလုပ်ဖို့ ဂွိုက်ဒို က ပြင်ဆင်ထားပါတယ်။ ဗင်နီးဇွဲလား စစ်တပ်ကိုလည်း ဘက်ပြောင်းလာခဲ့ဖို့ ပြောင်းလာခဲ့တဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ဆိုပါတယ်။

 

mdn

 

ဇန်နဝါရီ ၂၁ နေ့ကစပြီးပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အနည်းဆုံး လူ ၄၀ ဦး အသတ်ခံခဲ့ရပြီး အနည်းဆုံး လူ ၈၅၀ အဖမ်းခံခဲ့ရပါတယ်။ 

ရေနံချမ်းသာတဲ့နိုင်ငံ ဗင်နီဇွဲလားမှာ စီးပွားရေးကျပ်တည်းပြီး သန်းချီတဲ့လူတွေဟာ ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရပြီး ၂.၃ သန်းလောက်က တခြားနိုင်ငံဆီကို ထွက်ခွာသွားနေပါတယ်။

ဥရေပသမဂ္ဂနိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ပေါ်တူဂီ နဲ့ စပိန်နိုင်ငံတွေက ဖေဖော်ဝါရီလ ၃ ရက်နေ့ကို နောက်ဆုံးထားပြီး မာဒူရို က ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုထားပါတယ်။

MDN
ကိုးကား -  AFP

 

mdn