ရှားတော ၃၀ ဇန်နဝါရီ
ကယားပြည်နယ်၊ ရှားတောမြို့နယ် စုပေါင်းရုံး၌ ပြည်သူများ မိုင်းအန္တရာယ်နှင့် ပတ်သက်သော အသိပညာ ဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ (DRC/DDG) ဒိန်းမတ်လူမှုအဖွဲ့အစည်းက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး အလှုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစိုးထိုက်က ဒိန်းမတ်လူမှုရေး အဖွဲ့ အစည်း (Danish Refugee Council / Danish Demining Group) ၏ ကယားပြည်နယ် စီမံကိန်းအကြောင်းအား ရှင်းလင်းပြောကြားပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ခဲ့ကြသည်။ ထို့နောက် (DRC/DDG) ဒိန်းမတ်လူမှုအဖွဲ့အစည်း စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်မာရီလေး က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး အလှုပ်ရုံဆွေးနွေးပွဲကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် ရှားတောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့် စာရေးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဦးထွန်းအောင်(ပြန်/ဆက်)
