ရန်ကုန် ၃၀ ဇန်နဝါရီ 

 

နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အမျိုးသားအစီအစဉ်တစ်ရပ်အနေဖြင့် ဖွဲ့စည်းခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆဋ္ဌမအကြိမ် မြောက်အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပလျက်ရှိသည်။

 

အစည်းအဝေး ဒုတိယနေ့(ယနေ့) နံနက် ၁၀ နာရီခွဲတွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနှင့် အဖွဲ့ဝင်များသည်  သမိုင်းပညာရှင်  ဒေါက်တာသန့်မြင့်ဦးနှင့် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ ဦးဆောင်သော ကော်မရှင်အဖွဲ့ဝင်များနှင့် လည်းကောင်း ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ တွေ့ဆုံဆွေးနွေးကြသည်။

 

(သတင်းစဉ်)