နေပြည်တော် ၃၀ ဇန်နဝါရီ 

 

ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက ဘိန်းစိုက်ခင်းများအား ဖျက်ဆီးလျက်ရှိရာ ဇန်နဝါရီ ၂၉ ရက်တွင် ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ကောင်တယမ်ကျေးရွာ၏ အရှေ့ဘက် ၅ ဖာလုံ ခန့်အကွာ၌ အမြင့်(၁)ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၅)ဧကအား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ပင်လောင်းမြို့နယ်၊ ကန့်ချုပ်ဒိုင်ကျေးရွာ၌ ဘိန်းစိုက်ခင်း (၇)ဧက၊ တန့်ယန်းမြို့နယ်၊ မိုင်းကောင်နှင့် ပန်ယကျေးရွာတို့၌ ဘိန်းစိုက်ခင်း (၁၆ ဒသမ ၅)ဧကနှင့် တွန်းဇန်မြို့နယ်၊ ဘွာလ်တွောင်ကျေးရွာ၌ ဘိန်းစိုက်ခင်း (၃)ဧကတို့အား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN