နေပြည်တော် ၃၀ ဇန်နဝါရီ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်အထိ တိုင်းဒေသကြီး/ပြည်နယ်များမှ တင်ပြလာသော  (ပဲခူး၊ မကွေး၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်)  ဖမ်းဆီးရမိသော ပြည်ထောင်စုစာရင်းချုပ်မှာ ကျွန်း (၈၄ ဒသမ ၈၂၀၇)တန်၊ သစ်မာ (၁၀ ဒသမ ၀၆၆၀)တန်၊ အခြားသား (၁၃ ဒသမ ၇၄၅၂)တန် စုစုပေါင်း (၁၀၈ ဒသမ ၆၃၁၉)တန်အား ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

 

(သတင်းစဉ်)