ဘားအံ ၃၀ ဇန်နဝါရီ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ သီးနှံစိုက်ခင်းများတွင် ငမြှောင်တောင်ပိုး ကျရောက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ဇန်နဝါရီ ဒုတိယအပတ်မှ စတင်ကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဘားအံမြို့နယ်အတွင်းရှိ ဖအွံကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာ အပါအဝင် အခြားပတ်ဝန်းကျင် ကျေးရွာများတွင် စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်း၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် အရေးကြီး ဖျက်ပိုးမျိုးစိတ်သစ်ဖြစ်သော ငမြှောင်တောင် (FAW) ကျရောက်မှု ရှိ/မရှိ အခြေအနေများကို မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဆဲင်ဇခုပ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့အပြင် တောင်သူများအား ငမြှောင်တောင်ပိုး ကျရာက်ဖျက်ဆီးနိုင်သည့် အခြေအနေများနှင့် ကြိုတင်ကာကွယ်နည်းများ၊ ဖျက်ဆီးခံရပုံများနှင့် နှိမ်နင်းနည်းများကို နည်းပညာပေးဆွေးနွေးခဲ့ကြပြီး အရေးကြုံလာပါက စိုက်ပျိုးရေးဌာနနှင့် နီးစပ်ရာ တာဝန်ရှိသူများထံ အသိပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)