နေပြည်တော်  ၃၀  ဇန်နဝါရီ

 

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ တိုင်းရင်းသား ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များသည် ယနေ့ မွန်းလွဲ ၂ နာရီမှစတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ အသီးသီးရောက်ရှိကြသည်။

 

mdn

 

အဆိုပါ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံးမှ ဦးဆောင်၍ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး၊ ကြိုဆိုနေရာ ချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဆပ်ကော်မတီများ၊ ဌာနဆိုင်ရာ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက အိုးစည်၊ ဒိုးပတ်ဝိုင်းများဖြင့် လှိုက်လှဲစွာကြိုဆိုကြပြီး တည်းခိုဆောင်များအလိုက် နေရာချထားရေးကို စီစဉ်ဆောင်ရွက်ပေးသည်။ 

 

mdn

 

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များသည် ယနေ့ မွန်းလွဲပိုင်းတွင် ‘‘ဝ” စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ရောက်ရှိပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အသီးသီးတို့မှ ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များသည် ဇန်နဝါရီ ၃၁ ရက်တွင် ရောက်ရှိကြမည် ဖြစ်ကြောင်း သိရသည်။ 

 

စိုးမိုး၊ ကံချွန်(ပြန်/ဆက်) 

 

mdn