ရန်ကုန်   နိုဝင်ဘာ   ၂၃

က​လေးတိုင်းဘဝလှပ​ရေး၊ ပိုမို​ကောင်းမွန်​သောအနာဂတ်ဖန်တီး​ပေး” ​ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်း​ဒေသကြီး က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ​ကော်မတီမှ ကြီးမှူးကျင်းပ​သော က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (၃၂) နှစ်​မြောက် နှစ်ပတ်လည်​နေ့ အထိမ်းအမှတ် ကမ္ဘာ့က​လေးများ​နေ့အခမ်းအနားအား ယ​နေ့ နံနက် ၉ နာရီက ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ သင်တန်း​ကျောင်း(ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့ လူမှု​ရေးရာဝန်ကြီး၊ ရန်ကုန်တိုင်း​ဒေသကြီးက​လေး သူငယ်အခွင့်အ​ရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦး​အောင်ဝင်းသိန်းက အမှာစကား​ပြောကြား ရာတွင် မြန်မာနိုင်ငံသည်ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် က​လေးသူငယ်အခွင့် အ​ရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသ​ဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ် ဩဂုတ် ၁၅ ရက်​နေ့တွင် ပါဝင်လက်မှတ်​ရေးထိုးခဲ့ပါ​ကြောင်း၊ မြန်မာနိုင်ငံသည် စာချုပ်တွင် ပါဝင်သည့် က​လေးသူငယ်များ အတွက် အ​ကောင်းဆုံးအကျိုးစီးပွားကို ဖြစ်ထွန်း​စေ​ရေးမူ၊ ခွဲခြားဆက်ဆံမှုမရှိ​စေ​ရေးမူ၊ အသက်ရှင်သန်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်​စေ​ရေးမူနှင့် က​လေးသူငယ်များ၏ ထင်မြင်ယူဆချက်ကို အ​လေးထား​ရေးမူ စသည့်အ​ခြေခံမူ ()ရပ်ကို အ​ခြေခံပြီး က​လေးသူငယ်များအတွက် အသက် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်​စောင့်​ရှောက်ခွင့်နှင့်ပါဝင်​ဆောင်ရွက်ခွင့် စသည့်အခွင့် အ​ရေး ()ရပ်အ​ခြေခံပြီး ကာကွယ်​စောင့်​ရှောက်ရမည်ဖြစ်ပါ​ကြောင်း စသည်ဖြင့် က​လေးသူငယ် အခွင့်အ​ရေးဆိုင်ရာများကို​ ပြောကြားသည်။

ထို့​နောက် အခမ်းအနားတွင် တက်​ရောက်လာကြ​သည့် က​လေးငယ်များမှ​တေးသီချင်းများဖြင့်ဖျော်​ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားသို့ တိုင်းရင်းသား​ရေးရာဝန်ကြီး ဦးစောဂျက်​ကော့ထူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်​​ရောက်ခဲ့ကြ​​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)