နေပြည်တော်  ၃၀  ဇန်နဝါရီ

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၂ နာရီ၊ ဝ၈ မိနစ်၊ ၁၀ စက္ကန့်အချိန်တွင် မြစ်ကြီးနား မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟိုပင်မြို့၏ အနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၅ ဒသမ ဝ၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၄၆ ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 
MDN