ကျောက်တော် ၃၁ ဇန်နဝါရီ


ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျော်တော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဦးစီးမှူး ရုံးခမ်းမတွင် ပြုလုပ်သည်။ 


အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းဇော်က တက်ရောက် အမှာစကား ပြောကြားပြီး  ကျောက်တော်မြို့နယ် ကျေးလက်မြို့နယ် ဦးစီးမှူး ဦးခင်မောင်ဝင်းမှ မြစိန်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 


ဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာ (၃၆)ရွာမှ ကျေးရွာကော်မတီဝင်များ တက်ရောက်ကြပြီး ကျေးရွာကော်မတီဝင်များက မိမိတို့ကျေးရွာအုပ်စုများတွင် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် ၎င်းအားသာချက်၊ အားနည်းချက်များကို ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ရှေ့သို့ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းပိုင်ဆိုင်ရာများကိုလည်း မေးမြန်းတင်ပြကြကာ တာဝန်ရှိသတို့က ပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


၁၅၇