ကြာအင်းဆိပ်ကြီး ၃၁  ဇန်နဝါရီ 

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းစောင့်ကြည့် လေ့လာ အကဲဖြတ်ခြင်း၏ အခြေခံသဘောတရားများသိရှိနားလည်စေရေး သတင်းအချက်အလက်စီမံခန့်ခွဲမှု အကြောင်း အရာများ သိရှိနားလည်စေရန်ရည်ရွယ်ပြီး လေ့လာအကဲဖြတ်ခြင်း၏ အခြေခံသဘောတရားသင်တန်းကို ယနေ့ နံနက်၉နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

2

 

 အဆိုပါသင်တန်းကို လက်ထောက်နည်းပညာမှူး လထုစည်းရုံးရေးမှူးတို့မှ လူထုဗဟိုပြုစီမံကိန်းတွင် အရေးကြီးသောအချက်အလက်များအားမပျောက်မပျက်စေရန် သေချာထိန်းသိမ်းထားနိုင်ရန် ကျေးရွာများရှိစီမံကိန်းလုပ်ငန်း များကို ချောမွေ့ပြီးစီးနိုင်စေရန်အတွက် စောင့်ကြည့်လေ့လာအကဲဖြတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းကို လက်ထောက်နည်းပညာမှူး(၃၇)ဦးနှင့် လူထုစည်းရုံးရေးမှူး(၂၃)စုစုပေါင်း ၆၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မျိုးမင်းဦး(ပြန်/ဆက်)

Related Articles