၃၁ ဇန်နဝါရီ
ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ရှိအခြေအနေကို သတင်းတင်ပြဖို့အတွက် နိုင်ငံတွင်းကို ရောက်ရှိနေသော နိုင်ငံခြားသား သတင်းထောက် ၅ ဦးဟာ ဖမ်းဆီးခံနေရပြီး၊ ၂ ဦးကို ပြည်နှင်ဒဏ် ပေးခံရကြောင်း သိရပါတယ်။
ရေနံကြွယ်ဝတဲ့ ဗင်နီဇွဲလားနိုင်ငံဟာ စီးပွားရေး အကျပ်အတည်းနဲ့ရင်ဆိုင်ရပြီး နောက်ဆုံးသမ္မတ မာဒူရို ကို ဖြုတ်ချဖို့အထိ ဖြစ်လာပါတယ်။ ဒီအခြေအနေတွေကို သတင်းယူဖို့အတွက် ရောက်ရှိနေသော ချီလီနိုင်ငံမှ သတင်းထောက် ၂ ဦးကို ပြည်နှင်ဒဏ်ပေးပြီး၊ ပြင်သစ်သတင်းထောက် ၂ဦး၊ ကိုလံဘီယာသတင်းထောက် ၂ ဦး နဲ့ စပိန်သတင်းထောက် ၁ ဦးကို ဗင်နီဇွဲလားအာဏာပိုင်တွေက ဖမ်းဆီးထားကြောင်းသိရပါတယ်။

ချီလီသတင်းထောက် ၂ဦးကို နိုင်ငံကနေ နှင်မထုတ်ခင်မှာ ၁၄ နာရီ ထိန်းသိမ်းခံခဲ့ရကြောင်း၊ ဒီသတင်းထောက်တွေက လုံခြုံရေးဧရိယာ အလုပ်လုပ်တဲ့အတွက် ဖမ်းဆီးကြောင်း ဗင်နီဇွဲလားအာဏာပိုင်တွေက ပြောကြောင်း ချီလီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ချီလီနိုင်ငံခြားရေးဝန်ကြီးက အာဏာရှင်တွေက သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တာသာဖြစ်တယ်လို့ သူ့တွစ်တာမှာရေးသားထားပါတယ်။
ဒီနှစ်ပိုင်းအတွင်း ဗင်နီဇွဲလားနိုင်ငံမှာ သတင်းထောက်ကဒ်မရှိဘူးဆိုပြီး နိုင်ငံခြားသားသတင်းထောက်တွေကို ထိန်းသိမ်းတာမျိုးနဲ့ နိုင်ငံကနေ နှင်ထုတ်တာမျိုးတွေ ပြုလုပ်ခံနေရကြောင်း သိရပါတယ်။
MDN
ကိုးကား -AFP