မိတ္ထီလာ   ဒီဇင်ဘာ   ၁၀

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေ ကျပ်သန်း ၆၀ ကျော်ဖြင့် ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေး နှစ်တွင်   ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေ ကျပ်သန်း ၆၃ ဒသမ ၁၆၀ ဖြင့် မြို့နယ်အတွင်းရှိ ဆပ်ပြာကျင်း ကျေးရွာအုပ်စု ဆပ်ပြာကျင်းကျေးရွာ၊ ဝါးရုံကျေးရွာအုပ်စု ဖိုးမိုးကြီးကုန်းကျေးရွာနှင့် မြင်းကန်ကျေးရွာအုပ်စု ဆင်စလွယ်ကျေးရွာတို့တွင် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့်  Four G Co.,Ltd. က တာဝန်ယူ၍ နိုဝင်ဘာ ၁၈ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

 

ထိုသို့ဆောင်ရွက်ရာတွင် အိမ်ခြေ ၁၁၀၊ လူဦးရေ ၄၉၅ ဦးရှိသည့် ဖိုးမိုးကြီးကုန်းကျေးရွာတွင် အကျယ် လက်မ အနက် ပေ ၇၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ပေ၊ အနံ ပေ အမြင့် ပေ ရှိ ရေစက်ရုံ တည်ဆောက်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင်အိမ်ခြေ ၈၂ လူဦးရေ ၄၀၀ ရှိသည့် ဆင်စလွယ်ကျေးရွာတွင်  အကျယ်   လက်မ အနက် ပေ ၄၀၀ ပေရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ပေ၊ အနံ ပေ အမြင့် ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း၊ ဂါလန် ၂၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းအပြင် အိမ်ခြေ ၈၀   လူဦးရေ ၄၁၄ ဦးရှိသည့် ဆပ်ပြာကျင်းကျေးရွာတွင် အကျယ်  လက်မ အနက် ပေ ၆၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါကျေးလက်ရေရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဆပ်ပြာကျင်းကျေးရွာ၊   ဆင်စလွယ် ကျေးရွာနှင့် ဖိုးမိုးကြီးကုန်း ကျေးရွာတို့ရှိ ဒေသခံပြည်သူများမှာ သောက်သုံးရေအတွက် ယခင်ကထက် ပိုမို အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။       

            

သိန်းမြင့်ကျော်(မိတ္ထီလာ)