၃၁ ဇန်နဝါရီ 

 

စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးအားဆေးဖြူသင်္ကန်းကပ်လှူခြင်းလုပ်ငန်း ပထမဆင့်အနေဖြင့် လက်ရှိရွှေဆေးများ ခွာချခြင်းလုပ်ငန်းကို အခုလ ၃၀ ရက်က  ပြီးစီးခဲ့ကြောင်း သိရသည်။ 

 

လက်ရှိရွှေဆေးနှင့် ပတ်တီးများအား ခွာထုတ်ခြင်းပြီးပါက  ရေဖြင့်သန့်ရှင်းရေးပြုလုပ်ခြင်း ၊ အက်ကြောင်းများအား Structural Repait Motar ဖြင့် ပြုပြင်ခြင်း ၊  အောက်ခြေဘုံလေးဆင့်ရှိ Virtical Wall အား အုတ်ပေါ်သည်အထိ ခွာထုတ်ပြီး Breathable ဖြစ်သော Plastering Motar ဖြင့်အချောကိုင်ပြီး၊   Breathable ဖြစ်သော Minetal Paint အား ကပ်လှူခြင်း ၊ အောက်ခြေဘုံလေးဆင့်ရှိ Flat Surface အားဆေးများခွာထုတ်ပြီး Flexible Protective Coating အား Mapenet 150အသုံပြု၍ ကပ်လှူပြီးနောက် Elastocolor Paint Plus အားကပ်လှူခြင်း၊  အောက်ခြေဘုံလေးဆင့် Virtical Wall နှင့် Flat Surface ဆက်သောနေရာအား Mapeband ကပ်ခြင်း ၊  Flexible Protective Coating အားကပ်လှူခြင်း၊ Elastovolor Paint Plust အားကပ်လှူခြင်း စသည့် လုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ကောင်းမှုတော်ဘုရားကြီး၏ ရွှေဆေးခွာပြီးစီးပုံ ကို MDN ပရိတ်သတ်အတွက် ရိုက်ကူးတင်ဆက် ပေးလိုက်ရပါသည်။ 

 

သတင်း ဓါတ်ပုံ - အိမို့မို့ခိုင် 

1235678910