ဆိုလ်း ဒီဇင်ဘာ ၁၃

 

တောင်ကိုရီးယား၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် မြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။

 

တောင်ကိုရီးယားနိုင်ငံ၌ ဒီဇင်ဘာ ၁၁ ရက်တွင် အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၀ တွေ့ရှိခဲ့ရာ ၆၇ ဦး (၇ဝ ရာခိုင်နှုန်းကျော် ) မှာ ပြည်တွင်း၌ အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူများဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၀၀၀ ကျော်ရှိလာခဲ့

 

ထို့ပြင် လူအစုလိုက် အပြုံလိုက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုများကို အင်ချွန်းမြို့နှင့် နိုင်ငံအနောက်တောင်ပိုင်းရှိ ဂျီအိုလာပြည်နယ်၌ အသီးသီးတွေ့ရှိခဲ့ရသည်။ ပြီးခဲ့သော သီတင်းပတ်အတွင်းက နိုင်ငံအတွင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇ဝဝဝ ကျော်ရှိလာခဲ့သည်။

 

ယခုသီတင်းပတ်အကုန်တွင် နိုင်ငံအတွင်းရှိဆေးရုံများ၌ ကိုဗစ်- ၁၉ ရောဂါကြောင့် ဆေးရုံတက်ရောက်သူ များပြားလာနိုင်သဖြင့် ဆေးရုံခုတင်များကို ၎င်းလူနာများအတွက်သာ သုံးစွဲရနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ