၁၉ နိုဝင်ဘာ

 

ကမ္ဘောဒီးယားနိုင်ငံ ပိုင်နက်မြေပေါ်မှာ နိုင်ငံခြားတိုင်းပြည်တစ်ခုရဲ့ တပ်စခန်းဖွင့်ခွင့် မရှိဘူးလို့ ဝန်ကြီးချုပ်က ဒီကနေ့ ပြောလိုက်ပါတယ်။ အငြင်းပွားနေတဲ့ ပင်လယ်ပြင်ပိုင်နက်နဲ့ မလှမ်းမကမ်းမှာ တရုတ်ရေတပ်စခန်း ရှိနိုင်တယ်ဆိုတဲ့ အမေရိကန်ရဲ့ စိုးရိမ်မကင်းဖြစ်မှုအပေါ် ကမ္ဘောဒီးယားဝန်ကြီးချုပ်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ 

 

တရုတ်နိုင်ငံက အရှေ့တောင်အာရှရဲ့ ဆင်းရဲတဲ့ကမ္ဘောဒီးယားနိုင်ငံကို အခြေခံအဆောက်အဦ ဆောက်လုပ်ဖို့နဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ငွေချေးထားပါတယ်။ 

 

အဲဒီအတွက် ကမ္ဘောဒီးယား နဲ့ တရုတ်နိုင်ငံတို့ဟာ မဟာမိတ်တွေ ဖြစ်လာခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ အနောက်တောင်ဘက် ကမ်းရိုးတန်းမှာ တရုတ်ရေတပ်စခန်း တည်ဆောက်နေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ 

 

တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ထိုင်ဝမ် ကြားက သယံဇာတ ကြွယ်ဝတဲ့ ရေပိုင်နက်မှာ  သူပိုင်ကိုယ်ပိုင် ကျယ်ကျယ်လောင်လောင် အငြင်းပွားနေကြပါတယ်။ 

 

ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံကြားက နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင်းရေးတွေ လုပ်ဆောင်ပြီးနောက်ပိုင်းမှာ တရုတ်နိုင်ငံက ကမ်ဘောဒီးယားစစ်တပ်ကို ခေတ်မီစစ်တပ်ဖြစ်လာရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ကူညီမယ်လို့ ဇွန်လက ပြောဆိုခဲ့ပါတယ်။ 

 

MDN 

ကိုးကား- AFP