မနီလာ ဒီဇင်ဘာ ၁၄

 

ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာ ၁၄ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၃၅ ဦးတိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၃၆၈၆၈ ဦးအထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေး ဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၁၀ ဦး ထပ်မံ သေဆုံးမှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉ သေဆုံး သူပေါင်း ၅၀၃၅၁ ဦးအထိရှိလာခဲ့သည်။

 

လွန်ခဲ့သောနှစ် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှ စကာ ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လှိုင်းဂယက်သုံးခုရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။

 

နောက်ဆုံးကိုဗစ်-၁၉လှိုင်းသည် စက်တင်ဘာလတွင် မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်နေ့ တစ်နေ့ တည်းကိုဗစ်-၁၉ ဖြင့်သေဆုံးသူ ၂၆၃၀၃ဦးဖြင့် တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်။ ဖိလစ်ပိုင်သမ္မတဒူတာတေးသည် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ထောက်ပံ့ပေးမှုကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည် မိတ်ဆွေကောင်းများဖြစ်ကြောင်း ဒူတာတေးက ပြောသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာ ၁၃ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ၉၇ သန်းကျော် ရှိလာခဲ့ပြီး ၃၈ သန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးပြီဖြစ်သည်။

 

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေသန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၂၃ သန်း ကျော်လွန်လာပြီဖြစ်သည်။

 

ဆင်ဟွာ