နယူးဒေလီ ဒီဇင်ဘာ ၁၄
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၅၇၈၄ ဦး ရှိလာသောကြောင့် ဒီဇင်ဘာ ၁၄ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၄၇၀၃၆၄၄ ဦး အထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်လိုက်သော အချက်အလက်များတွင် ဖော်ပြထားသည်။
ထို့ပြင် အိုမီခရွန်ဗိုင်းရပ်စ် သစ် ထပ်မံကူးစက်ဖြစ်ပွားသူ ရှစ်ဦးတိုးလာပြီးနောက် နိုင်ငံရှိလာခဲ့သည်။
နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက် ရှိသူ ၈၈၉၉၃ ဦးအထိရှိပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၄၆၃ ဦး ကျဆင်းလျော့နည်းခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းလာသူ စုစုပေါင်း၃၄၁၃၈၇၆၃ ဦးရှိလာပြီဖြစ်သည်။ အဆိုပါပမာဏအနက်လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံမှ ဆင်းလာသူ ၇၉၉၅ ဦးရှိသည်။
ဆင်ဟွာ