ဒေါက်တာ မြတ်မိုး
မြန်မာ့သမိုင်းတွင် အခြားသောနေ့ထူးနေ့မြတ်များနည်းတူ အရေးကြီးသောနေ့တစ်နေ့၊ ပြည်ထောင်စုနေ့အဖြစ် အဓိပ္ပာယ်ပြည့်ဝသော ဦးတည်ချက်များနှင့်အတူ နှစ်စဉ် သတ်မှတ်ထားသော ရက်တစ်ရက်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဖြစ်သည်။
(၇၂) နှစ်ပြည့် ပြည်ထောင်စုနေ့
မြန်မာနိုင်ငံတစ်နိုင်ငံလုံး၊ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးနှင့် တစ်စုတစ်စည်းတည်း ရှိခဲ့ကြသကဲ့သို့ အလားတူ တိုင်းရင်းသားညီအစ်ကိုများပြန်လည်သွေးစည်း ညီညွတ်မည့် နေ့ရက်၊ နည်းလမ်းများကို ယနေ့တိုင် အဖြေ ရှာကြံနေကြဆဲ ဖြစ်ပါသည်။
လွတ်လပ်ရေးအတွက် နယ်ချဲ့နှင့် ဖက်ဆစ်တို့ကို တော်လှန်ရာတွင် တစ်နိုင်ငံလုံး ညီညီညွတ်ညွတ်ရှိခဲ့ကြသည်။ နယ်ချဲ့တို့ကို နောက်ဆုံးတွန်းလှန်ရာတွင်လည်း တောင်တန်း မြေပြန့်မခွဲခြားဘဲ မြန်မာ့လွတ်လပ်ရေးကို ရအောင်ယူနိုင် ခဲ့ကြသည်။ နယ်ချဲ့တို့ အမျိုးမျိုးသွေးခွဲခဲ့ကြသည်ကိုပင် အတိတ်ကာလက တိုင်းရင်းသားတို့ နားမယောင်ခဲ့ကြ၊ လွတ်လပ်ရေးပေးလျှင် တောင်တန်းဒေသများကို ချန်ထား ခဲ့မည့် အစီအစဉ်ကို တိုင်းရင်းသားတို့ လက်မခံခဲ့ကြ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြည်မနှင့် တောင်တန်း ပူးပေါင်းမှုဖြင့် ပင်လုံညီလာခံက တည်ဆောက်နိုင်ခဲ့ကြပြီး ပင်လုံစာချုပ်ဖြင့် လွတ်လပ်ရေးနှင့်အတူ ပြည်ထောင်စုနေ့ ဟု သတ်မှတ်ခဲ့သည်မှာ (၇၂) နှစ်ပြည့်တော့မည် ဖြစ်ပါသည်။
ခေါင်းဆောင်မှုကဏ္ဍ
ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲများ ကျင်းပသည်ထက်တော့ ပိုမိုအဓိပ္ပာယ်ပြည့်ဝသော၊ သန္နိဋ္ဌာန် ချမှတ်ထားသော ဦးတည်ချက်များကို အပြည့်အဝကြိုးစား အကောင်အထည်ဖော်နိုင်ရန်အတွက်မူ အလေးထားရမည် ဖြစ်ပါသည်။ ဤလိုရက်မျိုးတွင် ဘုံရည်မှန်းချက်တစ်ခုဖြစ်သော လွတ်လပ်ရေးရရှိရန်အတွက် ခိုင်မာသော ဦးဆောင်မှုကို ပေးခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အမျိုးသားခေါင်းဆောင်များ၏ ခေါင်းဆောင်မှုပညာကို အထူးအတုယူသင့်ပါသည်။ အမြော်အမြင်ကြီးမားသော၊ ပရိယာယ်မပါ ရိုးသားဖြောင့်မတ်သော ခေါင်းဆောင်မှုမျိုး သည် ပြည်သူပြည်သားများ၊ တိုင်းရင်းသားများ၊ လက်နက် ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၏ စုစည်းညီညွတ်မှု ကို များစွာအထောက်အပံ့ဖြစ်စေပါသည်။ အမျိုးသားရင်ကြား စေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ခရီးရှည်ကြီးကို လျှောက်လှမ်းရာတွင် အတ္တကို ရှေ့တန်းမတင်ဘဲ အများ အတွက် ရှေးရှုရပ်တည်နိုင်သည့် သတိÓဏ်ပညာနှင့် ပြည့်စုံ သော ခေါင်းဆောင်မှုကဏ္ဍသည် အထူးအရေးပါသော ကဏ္ဍ တစ်ခုဖြစ်ပါသည်။
ဦးတည်ချက်များ၏ အနှစ်သာရ
တစ်နှစ်ပြီး တစ်နှစ် ဖြတ်သန်းနေသည့် ပြည်ထောင်စုနေ့ ရက်စွဲများနှင့်အတူ ပိုပြီးအနှစ်သာရ ပြည့်ဝသော ညီညွတ် ရေးဖြစ်ရန်သည် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒအမှန် ဖြစ်ပါသည်။ အေးအတူပူအမျှ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အတူတကွ လက်တွဲနေထိုင်နိုင်ရေးတစ်နည်း အမျိုးသား ညီညွတ်ရေးသည် ပြည်ထောင်စု၏ အဓိကအနှစ်သာရတစ်ခု လည်းဖြစ်ပါသည်။
အကျေအလည်ညှိနှိုင်းမှုများမှတစ်ဆင့် ပြည်ထောင်စု သဘောတူညီချက်များ အလျင်အမြန်ရရှိရေးသည် ယနေ့ ကာလတွင် အရေးကြီးဆုံးဖြစ်သကဲ့သို့ ဦးတည်ချက်များတွင် ပါဝင်သည့် လူမှုစီးပွားဘဝ ဖွံ့ ဖြိုးတိုးတက်ရေးအချက်များက ငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးကို တန်းတူအရေးပါမှု အဖြစ် ထင်ဟပ်ပေါ်လွင်စေသည်ကို သတိပြုမိပါသည်။ ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ခြင်းသည် အကျပ်အတည်းမှန်သမျှကို ရင်ဆိုင်ဖြေရှင်း ရာတွင် အင်အားဖြစ်စေပါသည်။
ယုံကြည်မှုတည်ဆောက်နိုင်ရန်လိုအပ်
စည်းလုံးညီညွတ်မှု မရှိခြင်း၏ မြစ်ဖျားခံရာသည် ယုံကြည်မှုပျောက်ဆုံးခြင်းမှ စတင်၍ တိုင်းရင်းသား အချင်းချင်းကြား၊ ပါဝင်သက်ဆိုင်သူ အရေးကြီးလူပုဂ္ဂိုလ် အဖွဲ့အစည်းများကြား ယုံကြည်မှုတည်ဆောက်နိုင်မှသာ တကယ့်အနှစ်သာရရှိသော ပြည်တွင်းငြိမ်းချမ်းရေးမှ တစ်ဆင့် စစ်မှန်သောပြည်ထောင်စုကြီးကို ရရှိနိုင်ပါမည်။
၂၀၁၉ ခုနှစ် (၇၂) ကြိမ်မြောက် ပြည်ထောင်စုနေ့ဦးတည် ချက်များသည် မြန်မာနိုင်ငံတွင် လက်ရှိတည်ဆောက်နေသော ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရန်နှင့် အမျိုသားပြန်လည် သင့်မြတ်ရေး ကြိုးပမ်းအကောင်အထည်ဖော်နေမှုများ၊ နိုင်ငံတော်ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ထင်ဟပ်နေပါသည်။
ငြိမ်းချမ်းတည်ငြိမ်လျှင်
ဦးတည်ချက်များပြည့်ဝရန် တိုင်းရင်းသားအားလုံးစည်းလုံး ညီညွတ်ရန်သာ အရေးကြီးပါသည်။ နေရာဒေသအားလုံး ငြိမ်းချမ်းတည်ငြိမ်နေမှသာ ချမ်းသာ ချမ်းသာကြွယ်ဝသော အသိုက်အဝန်းတစ်ခု ဖြစ်ပါမည်။ ဦးတည်ချက်များ ပြည့်မြောက်နိုင်မည့်လက်ရှိ အခြေအနေများကိုမူ ဤနေ့အခါသမယတွင် ပြန်လည်သုံးသပ်ရန် အခွင့်အလမ်းတစ်ခုအဖြစ် အလေးအနက်ထားစေချင်ပါသည်။ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူအားလုံး အနာဂတ်ကို အလေးအနက်ထားသည့် မဏ္ဍိုင်များဖြစ်သည်နှင့်အညီ အဖွဲ့အစည်းအားလုံး၏ အမြင်များကို ပိုမိုဖလှယ်ကြပြီး ထိထိရောက်ရောက်စေ့စပ်ညှိနှိုင်းဆွေးနွေးကြခြင်းဖြင့် တိုင်းရင်းသားအားလုံး၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းရမည့် အချိန်ကောင်းလည်း ဖြစ်ပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတစ်ခု
ယခုအချိန်ကာလသည် အစိုးရ၊ ပြည်သူ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းအားလုံး စည်းလုံး ညီညွတ်မှုစွမ်းအားကို အစွမ်းကုန်မြှင့်တင်ရမည့် ကာလ၊ ယင်းစွမ်းအားနှင့်အတူတိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှုလမ်းကြောင်း တွင် အတူတူလျှောက်လှမ်းကြရမည့်ကာလ ဖြစ်ပါသည်။ စစ်မှန်သော ပြည်သူများသည် အုပ်စုကွဲ၊ ဂိုဏ်းကွဲအသံများ နှင့် တိုင်းပြည် ကတိမ်းကပါးဖြစ်ခဲ့ရသည့် အတိတ်ဖြစ်ရပ်များ၊ အားပြိုင်မှုများကြောင့် သံသရာလည်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေးအခြေအနေအပေါ် ပူပန်သောကရောက်နေကြ ရသည်။ တိုင်းပြည်ဒေသအချို့ကလွဲ၍ တိုက်ခိုက်မှုများ၊ ပဋိပက္ခ များရပ်စဲနေသည့် အခြေအနေတွင် ညှိနှိုင်းဆွေးနွေးရန် အခွင့်အလမ်းများပေါ်ပေါက်နေသည်ကို ပြည်တွင်းငြိမ်းချမ်းရေး အတွက် အားသာချက်များအဖြစ် ရယူသင့်ပါသည်။ ယာယီပြေလည်မှုသည် ထာဝရပြေလည်မှုအတွက် လှေကားထစ်တစ်ခုတိုးမှုတစ်ခု ဖြစ်နိုင်သည်ဟု မြော်မြင်စေလို ပါသည်။ ပျော့ပျောင်းလာသည့် ဝန်းကျင်တွင် အမိအရခိုလှုံကာ ပိုမို ပျော့ပျောင်းသည့် သဘောထားများကို ပြသစေချင်ပါသည်။ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု တည်ထောင်ဖို့အတွက်ဆိုလျှင် ပြီးပြည့်စုံသော အပစ်အခတ် ရပ်စဲရေးအတွက် အဖွဲ့အစည်းအားလုံးက ပါဝင်သင့်ပါသည်။ ငြိမ်းချမ်းရေးအကြောင်းပြောလိုလျှင် ကျင်းပနေသော ငြိမ်းချမ်း ရေး ညီလာခံများမှတစ်ဆင့် တက်တက်ကြွကြွ ပါဝင်သင့်ကြပါပြီ။
ဒီမိုကရေစီ၏ အခြေခံသဘော
နိုင်ငံသားများသည် အမှန်တကယ် တစ်ဦးနှင့်တစ်ဦး၊ တစ်စု နှင့်တစ်စု၊ အုပ်စုဖွဲ့ ၊ ကိုယ့်လူ သူ့လူခွဲခြား အားပြိုင်မှုများနှင့် ကင်းသည့် ကျန်းမာသည့် လူ့ဘောင်တစ်ရပ်ကို လိုလားနေကြ ပါသည်။ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း မတူကွဲပြားမှုများကို ဒီမိုကရေစီ ၏ အခြေခံသဘောအဖြစ် အားသာချက်တစ်ရပ်အဖြစ် အပြု သဘောအသုံးချနိုင်ပါက ဒေသတစ်ရပ်၊ လူ့အဖွဲ့အစည်းတစ်ရပ် နိုင်ငံတော်တစ်ခု၏ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိ မှာလည်း ဖြစ်ပါသည်။ သို့သော် အယူအဆသဘောထား ခြားနား ကွဲပြားမှုများကိုဆင်ခြင်တုံတရားမဲ့စွာဖြင့်ဒီမိုကရေစီဆန့်ကျင် ဘက်အသုံးချပါက စုစည်းညီညွတ်ရန်အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်သွားနိုင်သည်ကို သတိပြုရပါမည်။ သို့မှသာ တိုင်းရင်း သားလူမျိုးများစွာဖြင့် စုစည်းတည်ဆောက်ထားသော နိုင်ငံ တစ်နိုင်ငံအဖို့ လူမျိုးရေးတင်းမာမှုများ ဖြစ်ပေါ်မည့်အရေးမှ ရှောင်ကြဉ်ကာကွယ်နိုင်မည် ဖြစ်ပါသည်။
အပေါင်းလက္ခဏာမျှော်လင့်ချက်များ
ကျင်းပပြီးစီးခဲ့သည့် ၂၁ - ရာစု ပင်လုံညီလာခံများတွင် အကောင်းမြင်ရပ်တည်ချက်များနှင့်အတူ အပြုသဘော ဆောင်ရွက်ချက်များစွာ ပါရှိသည်ကို သိရှိကြပါသည်။ အပေါင်း လက္ခဏာဆောင်သော မျှော်လင့်ချက်များစွာနှင့်အတူ နောက်တစ်ဆင့်တက်လှမ်းနိုင်မည့် ခိုင်မာသော ခြေလှမ်းများကို ခင်းကျင်းထားပြီးဖြစ်၍ ၎င်းအခွင့်အရေးကို မလွတ်တမ်း အသုံးချနိုင်ရန်သာ လိုပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးညီလာခံနှင့် ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်မည့် အကြမ်းဖျင်းလျာထားသော Time Frame များသည် ပြည်သူတို့၏ မျှော်လင့်ချက်များပင်ဖြစ်ပါသည်။ သီးသန့်ဆွေးနွေးပွဲများနှင့်အတူ အဖွဲ့များအကြား တရားဝင်တွေ့ဆုံဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် အလွတ်သဘော ဆွေးနွေးပွဲများပြုလုပ်၍ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်မည့် အချိန်ဇယားရေးဆွဲခြင်း အစီအစဉ်များ၊ လက်ရှိနိုင်ငံရေးဆွေးနွေးမှုပုံစံများ၊ လက်မှတ် ရေးထိုးမထားသောအဖွဲ့များ ပူးပေါင်းပါဝင်နိုင်မည့် ကိစ္စရပ် များ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရကိစ္စများ၊ တစ်ခုတည်း သော တပ်မတော်ထားရှိရေးမူများ ချမှတ်နိုင်ရန် ဆွေးနွေးနေ ကြခြင်းသည် အကျိုးရှိသည့်အတွက် ယခုကဲ့သို့ အလွတ် သဘောဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နိုင်ရန်လည်း ပြည်သူများ မျှော်လင့်လျက်ရှိကြပါသည်။
စေ့စပ်ညှိနှိုင်းမှုစွမ်းပကား
ဆက်လက်ညှိနှိုင်းရန် အရေးကြီးအချက်များကျန်ရှိနေဆဲ ဖြစ်သော်လည်း အဆိုးမြင်မှုကို ပစ်ပယ်၍ အကောင်းမြင်ဘက် သို့ ဦးတည်သည့် ခံယူချက်ထားပါက ခိုင်မာသောမှတ်တိုင် တစ်ခုပြီးတစ်ခု စိုက်ထူနိုင်မည်ဖြစ်ပါသည်။ သို့သော် ခြေလှမ်း တစ်လှမ်းနှင့် တစ်လှမ်းအကြား၊ မှတ်တိုင် တစ်တိုင်နှင့် တစ်တိုင်ကြား၊ အခက်အခဲစိန်ခေါ်မှုများက အများအပြား ရှိဆဲပင်။
ရှေ့တွင် ဆက်လက်ဖြစ်ပေါ်နိုင်မည့် ဖြစ်နိုင်ခြေများ အတွက် ပကတိတည်ရှိမှုများမှတစ်ဆင့် လက်တွေ့ကျကျ စတင်နိုင်ရန်နှင့် အဖွဲ့အားလုံးပါဝင်နိုင်ရန် များစွာအရေးကြီး ပါသည်။ နှောင့်နှေးကြန့်ကြာစေမည့် လက်ညှိုးထိုးအပြစ်တင်မှု များကို ရှောင်ရှားသင့်ကြပါသည်။ တစ်ဖွဲ့၏ အားသာချက်များ ကို အခြားတစ်ဖက်၏ အားနည်းချက်များနှင့် ချိန်ဆ၍စဉ်းစား အဖြေရှာခြင်းဖြင့် ရလဒ်ကောင်းများကို ရရှိစေပါသည်။ အင်အားစုအားလုံး၏ ဆုံမှတ်၊ ပန်းတိုင်သို့ ဆက်လက်ချီတက် မည့် စမှတ်၊ မျှခြေတစ်ရပ်နှင့်အတူ အခြေခံမူများသည် မိမိ လိုချင်သည့် ရည်မှန်းချက်အတွက် ကြီးစွာအထောက်အကူ ပြုသည်ဖြစ်၍ လိုက်နာရဲသည့် သတ္တိဖြင့် သဘောထားကြီးစွာ လိုက်နာနိုင်ကြဖို့သာ မျှော်လင့်မိပါသည်။
အဖွဲ့အစည်းတိုင်းသည် ငြိမ်းချမ်းရေးတံခါးကို အမြဲ ဖွင့်လှစ်ထားကြသည်ဟု ယုံကြည်၍ တွေ့ဆုံအဖြေရှာရေး လမ်းကြောင်းပေါ်တွင် သဘောတူညီချက်များ တိုးတက်ရရှိ ရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အခက်အခဲအတားအဆီးများစွာကို ကျော်လွှားလွန်မြောက် နိုင်ပါမည်။ ငြိမ်းချမ်းမှုဖြစ်ပေါ်စေသည့် နည်းလမ်းများတွင် စိတ်ရှည်သည်းခံမှုများစွာ၊ စိတ်ရင်းစေတနာကောင်းများစွာ၊ ဂရုတစိုက်နားထောင်ပေးမှုများစွာဖြင့် မယုံကြည်မှု၊ ဒွိဟ၊ သံသယများလျှော့ချ၍ ဆွေးနွေးအဖြေရှာပါက အလွန်အား ကြီးသော စေ့စပ်ညှိနှိုင်းဆွေးနွေးမှု ဏသတနမ နြါသအငအေငသည ဖြစ်စေပါသည်။ ငါစွဲ မကြီးမားသော၊ တရားသေဖက်တွယ်မထား သော ရပ်တည်ချက်များကသာ သူနိုင်ကိုယ်နိုင် ရလဒ်မျိုးများ ရရှိစေသည်ကို သတိချပ်ရပါမည်။
အချုပ်အားဖြင့် ပြည်သူနှင့် တိုင်းရင်းသားလူမျိုးအားလုံး သည် ငြိမ်းချမ်းရေးမှတစ်ဆင့် ရင့်ကျက်တည်ငြိမ်သော ပြည်ထောင်စုတစ်ခုကို ပုံဖော်လိုနေကြပေပြီ။ အယူအဆ သဘောထားကွဲလွဲမှုကို လက်ခံပါသည်။ သို့သော် ကွဲပြဲကြမှာ ကိုတော့ စိုးရွံ့ ကြသည်။ အမုန်းတရားနှင့် တင်းမာမှုများကို ကြောက်လန့်ကြသည်။ ငါစွဲ၊ ဝါဒစွဲ၊ အုပ်စုစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ပါတီစွဲ အစွဲအမျိုးမျိုးဖြင့် ကျင်လည်နေသော ဘက်တစ်ဖက်တည်းတွေးတတ်သည့် ပတ်ဝန်းကျင်မျိုးကို မလိုချင်ကြတော့ပါ။ ထိုအစွဲတွေ ပျောက်မှလည်း ခိုင်မာသော ယုံကြည်မှုဖြင့် အတူလက်တွဲ နေနိုင်ကြမည်ဟု ခံယူထားကြ၍ ဖြစ်ပါသည်။ ထိုသို့သော ယုံကြည်ချက်၊ ခံယူချက်များနှင့်အတူ ကျွန်တော် တို့အပါအဝင် ပြည်သူပြည်သားအားလုံး ဒီမိုကရေစီစံနှုန်း ကျင့်စဉ်များနှင့် ထိုက်တန်သော စိတ်နေစိတ်ထားများ၊ အသိÓဏ်ပညာများ တိုးပွားစေရန်လည်းကောင်း၊ မာန် မာနများလျှော့ချပြီး အနာဂတ်မျိုးဆက်သစ်များ ဖွံ့ ဖြိုး တိုးတက်ရေးအတွက် ရည်သန်၍လည်းကောင်း ဆက်လက် ကြိုးစားအားထုတ်နေကြရမည်ဖြစ်ပါကြောင်း တင်ပြရေးသား လိုက်ရပါသည်။ မြန်မာ့အလင်း