နေပြည်တော် - ဇန်နဝါရီ ၁၄
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံလူရွှင်တော်အသင်း (ဗဟို) တို့ ပူးပေါင်းပြီး “စိန်ရတု ပြည်ထောင်စု လူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ် (၂) ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက် (စနေနေ့) ည ၈ နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ဟာသမင်္ဂလာ ရွှေဆိုင်းတော်အဖွဲ့ တီးခတ်မှုနှင့်အတူ လူရွှင်တော်များဖြစ်ကြသည့် ရွှေကျား၊ ရွှေကောင်း၊ ဖြိုးကျော်နှင့် ပေါက်ကျော်တို့က ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို ၂၀၂၂ခုနှစ် ၊ ဇန်နဝါရီ ၁၉ ရက်၊ (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း ၁ နာရီခွဲ National News အင်္ဂလိပ်ဘာသာသတင်း အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်