“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု ( င ) ဒုတိယပွဲစဉ် မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

နေပြည်တော် ၊ ဇန်နဝါရီ  ၂၇

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်  “တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု (င) ဒုတိယပွဲစဉ်ကို ဇန်နဝါရီ ၂၈ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်။  

အဆိုပါပွဲစဉ်၌ တိုင်းရင်းသားပြိုင်ပွဲဝင်များဖြစ်ကြသည့် မွန်ပြည်နယ်မှ အေးသက်ထားဇော်၊ ဧရာဝတီတိုင်းဒေသကြီးမှ ဇင်သူသူထွန်း၊ မကွေးတိုင်းဒေသကြီးမှ ရန်လေး၊ နေပြည်တော်မှ ကျော်မျိုးထက်၊ ရခိုင်ပြည်နယ်မှ သန်းသန်းဆင့်၊ တနင်္သာရီတိုင်းဒေသကြီးမှ ရာဇာ၊ ရှမ်းပြည်နယ်မှ ဇင်နွယ်၊ ပဲခူးတိုင်းဒေသကြီးမှ ချစ်နုနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ စုလတ်ဖြူတို့က  ယှဉ်ပြိုင်သီဆိုကြမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ် တေးဂီတအဖွဲ့မှ တီးခတ်ပေးမည်ဖြစ်ကာ ဒုတိယအကြိမ်အဖြစ် ဇန်နဝါရီ ၃၀ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့်ပြသမည် ဖြစ်သည်။ 

 “တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲတွင်  နေပြည်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ တိုင်းရင်းသား ညီအစ်ကို မောင်နှမ သုံးဦးစီဖြင့် စုစုပေါင်း (၄၅) ဦးတို့က အဖွဲ့ (၅) ဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လည်းကောင်း၊ နောက်ဆုံးပွဲစဉ်သုံးပွဲကို ရန်ကုန်မြို့ပြည်သာယာရှိ မြဝတီမီဒီယာစင်တာတွင် လည်းကောင်း နိုဝင်ဘာ ၂၆ ရက်မှစပြီး အပတ်စဉ် သောကြာနေ့ညများတွင် တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်ပြသလျက်ရှိရာ  ဖေဖော်ဝါရီ (၆) ရက် တနင်္ဂနွေနေ့ ညအပါအဝင် ဖေဖော်ဝါရီ ၁၁ ရက်အထိ အပတ်စဉ် သောကြာနေ့ညတိုင်း သီဆိုယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်)