နေပြည်တော် ၁ ဖေဖော်ဝါရီ
ယနေ့ မြန်မာစံတော်ချိန် ည ၈ နာရီ ၅ မိနစ်၊ ၃၅ စက္ကန့်တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၇၄) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းတုံမြို့၏ အနောက်တောင်ဘက် (၃၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.ဝ၄)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၈.၄၆) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
MDN