မိုင်းယောင်း  ၂  ဖေဖော်ဝါရီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ဖေဖော်ဝါရီ ၁ ရက်က ကျောင်းသား ကျောင်းသူများအား ဟိုရမ်းကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ကျန်းမာရေးဆရာမများသည် အခြေခံပညာကျောင်းများနှင့် ပူးပေါင်းပြီး သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

photo(2)

 

အချိန်မှန် သန်ချဆေးတိုက်ကျွေးခြင်းဖြင့် ကိုယ်ခန္ဓာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်စေရန်၊ ကျောင်းတွင် သွက်လက်ထက်မြက်စွာ စာသင်ကြားနိုင်စေရန်နှင့် အခြားရောဂါများ ဝင်ရောက်လာမှုကို ကြံ့ကြံ့ခံနိုင်စေရန် ရည်ရွယ်၍ နှစ်စဉ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်နှင့် သြဂုတ်လအတွင်း ကျင်းပမည့် ကျောင်းကျန်းမာရေးသီတင်းပတ်တွင် တစ်ကြိမ် စုစုပေါင်း တစ်နှစ်လျှင် နှစ်ကြိမ်ဖြင့် အစွမ်းထက်ပြီး အန္တရာယ်ကင်းသည့် Albendazole 400 mg သန်ချဆေးတစ်လုံးကို အသက်ငါးနှစ်မှ ၁၅ နှစ် (မူလတန်း/အလယ်တန်း/အထက်တန်း ကျောင်းသား ကျောင်းသူများအားလုံး)အား တိုက်ကျွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးဌာနခွဲထံမှ သိရသည်။

 

MDN

 

photo(3