မိုးနဲ ၂ ဖေဖော်ဝါရီ    


      
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့်မိုးနဲ တပ်နယ်ဆေးအဖွဲ့၊ မြိုနယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းကာ ကုန်းလုံကျေးရွာနေ ဒေသခံပြည်သူများအား ကုန်းလုံကျေးရွာမူလတန်းကျောင်း၌ ယနေ့နံနက် ၈ နာရီက အခမဲ့ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် မိုးနဲတပ်နယ်ဆေးဗိုလ်ကြီး သန်းစိုးအဖွဲ့က ပြည်သူဦးရေ ၃၀ ကို အထွေထွေဆေးကုသပေးခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန် ဒေါက်တာဇင်မီဟန်နှင့်အဖွဲ့က ပြည်သူ ၅၂ ဦးကို အထွေထွေရောဂါကုသပေးခြင်း၊ ကိုယ်ဝန်ဆောင်သုံးဦးနှင့် အသက်နှစ်နှစ်အောက်ကလေး ၇ ဦးကို ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကလေးငယ်များ ၄၆ ဦးကို ဘီတာမင်အေတိုက်ကျွေးပေးခြင်းနှင့် ၃၈ ဦးကို သံချဆေးတိုက်ကျွေးပေးခြင်းကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ပြည်သူ ၃၇ ဦးအား ဒူးနာ၊ ချောင်းဆိုး၊ အအေးမိနှာစေး၊ လေထိုး လေအောင့်၊ ခါးနာ၊ ကျီးပေါင်း၊ သွေးတိုး၊  ဆီးချို၊ သွေးချိုရောဂါ များကို  မြန်မာ့တိုင်းရင်းဆေးဖြင့် လည်းကောင်း အခမဲ့ကွင်ဆင်းဆေးကုသ ပေးခဲ့ကြသည်။

 

အဆိုပါ ကွင်းဆင်းဆေးကုသရေးအဖွဲ့နှင့် ကျေးလက်နေပြည်သူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်၊ ခမရ (၅၁၈) တပ်နယ်မှဗိုလ်မှူးနေဝင်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုမြင့် နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများကတက်ရောက်  အားပေးခဲ့ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ (မိုးနဲ)