မန္တလေး ၂ ဖေဖော်ဝါရီ
တောင်သမန်အင်းအတွင်း၌ ငှက်လှေစီး၍ ဦးပိန်တံတားနေဝင်ဆည်းဆာအလှကြည့်ရူ့ရန် ပြည်တွင်းပြည်ပ ခရီးသွားများ စည်ကားများပြားလျက်ရှိရာ ငှက်လှေအငှားလိုက်သူများ အဆင်ပြေလျက်ရှိသည်။
“စက်လှေငှားရမ်းခက တစ်စီးကို ငွေကျပ် တစ်သောင်းခွဲပါ၊ ပြည်ပ ခရီးသွားတွေက ညနေ နေဝင်ဆည်းဆာကြည့်ချင်တော့ နေဝင်တဲ့အထိ အင်းထဲမှာ လှည့်လည် ပို့ဆောင် ပေး ရတယ်၊ တောင်သမန်အင်း မှာ ငှက်လှေအငှားလိုက်တာ အစီး(၁၀ဝ) ကျော်ရှိတယ်၊ ညနေပိုင်းဆို ငှက်လှေ အကုန် လုံး အငှားလိုက်ရတယ်၊ လောက်တောင်မလောက်ဘူး၊ ပြည်ပခရီးသွား ငှက်လှေစီးသူအများစုမှာ ကြိုတင်စနစ် ငှားရမ်းကြပြီး နေဝင်ဆည်းဆာအလှ ကြည့်ရူ့ရန် ငှက်လှေ စီးကြကြောင်း၊ ဦးပိန်တံတားသို့ ကမ္ဘာလှည့်ခရီးသွား လာရောက်မှုများပြား၍ ငှက်လှေစီးသူများပြားသောကြောင့် ငှက်လှေအငှားလိုက်သူများ အဆင်ပြေလျက်ရှိပါတယ်” တောင်သမန်အင်း၌ ငှက်လှေအငှားလိုက်သူတစ်ဦးက ပြောပြသည်။
“မြန်မာနိုင်ငံက ဦးပိန်တံတားကို လျန်ချန်း-မဲခေါင် အဖွဲ့နဲ့ ပထမဦးဆုံးရောက်ဖူးတာပါ၊ ဦးပိန်တံတားနေဝင် ဆည်းဆာကြည့်ရတာ အရမ်းကိုလှပပါတယ်၊ အရမ်းလည်းသာယာပါတယ်၊ မြန်မာနိုင်ငံက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်ပြီး သာယာလှပတဲ့ နေရာကို လေ့လာခွင့်ရတာ အရမ်းပျော်ရွှင်မိပါတယ်၊ဂုဏ်လည်း ယူပါတယ်” ဟု ထိုင်းနိုင်ငံ မှ လာရောက်လည်ပတ်သူ Miss Suttimas Kumdee ကပြောကြားသည်။
ကမ္ဘာကျော်ဦးပိန်တံတားသို့ ပြည်တွင်းပြည်ပခရီးသွား လာရောက်လည်ပတ်သူများ နေ့စဉ် စည်ကားလျက်ရှိ ရာ တောင်သမန်အင်းအတွင်း၌ ငှက်လှေစီးသူများပြား၍ ငှက်လှေအငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)