နေပြည်တော် ၂ ဖေဖော်ဝါရီ


ယနေ့ည ၇ နာရီ ၃၈ မိနစ်ခန့်က ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရေခါးရွာတွင် ရေနံတွင်း မီးလောင်မှုဖြစ်ပွား၍ ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။


အဆိုပါ မီးလောင်ရာသို့ ပေါက်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီး၊ ရေပြာနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ မြိုင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီး၊ ဗဘင်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး စုစုပေါင်း မီးသတ်ယာဉ် ၆ စီးဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း ကနဦးသိရသည်။


MDN