ချောက်     မတ်     ၂၅

 

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့နယ်၊ ဇီးပွားအုပ်စု၊ ​ဂွေးပင်​ချိုရိုးကျေးရွာ၌ ကျေးလက်​နေ ပြည်သူများ သောက်သုံးရေ အဆင်ပြေ လွယ်ကူစွာ ရရှိစေရေးအတွက် ဆိုလာစနစ်ဖြင့် ​ရေတင်ခြင်းလုပ်ငန်းများကို ​မြို့နယ်​ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနက မတ် ၂၂ ရက်တွင် ​ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ​ ဆောင်ရွက်မှုလုပ်ငန်းများကို၂၀၂၁-၂၀၂၂ ဘဏ္ဍာ​နှစ် ပြည်​ထောင်စုဘတ်ဂျက် မူလရန်ပုံငွေ ကျပ် ၁၃ ဒသမ ၆ သန်းဖြင့် တိုင်း​ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ ဦးဆောင်ကာ မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန ဦးစီးမှူး​ ဒေါ်​မေသက်နိုင်နှင့် ဝန်ထမ်းများ ကြီးကြပ်၍ ဆိုလာအချပ် ၂၀ တပ်ဆင်ခြင်းလုပ်ငန်းများကို မတ် ၁၅ ရက်​မှ​စ၍ ဆောင်ရွက်ခဲ့ရာ မတ် ၂၂ ရက်တွင် တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးခဲ့ခြင်းဖြစ်သည်။

 

ထိုသို့​ ဆိုလာ​စနစ်ဖြင့် ​ရေတင်ခြင်းတွင် ဆိုလာတစ်ချပ် ဝပ် ၄၅၀ ဖြင့် ဆိုလာအချပ် ၂၀ တပ်ဆင်ခြင်းဖြစ်ကာ  တစ်နာရီလျှင် ရေဂါလန် ၁၈၀၀ ​​ရေတင်ရရှိ၍ ​ကျေးရွာရှိ အိမ်​ထောင်စု ၁၅၆  စု၊ လူဦးရေ ၇၀၆ ဦးတို့​မှာ သောက်သုံး​ရေ အဆင်ပြေလွယ်ကူစွာ ရရှိကြောင်းနှင့် ရေမီတာခနှင့် စက်သုံးဆီ ကုန်ကျမှုမရှိ​တော့ဘဲ ရေကိုအသုံးပြုခွင့်ရ​ရှိမည်ဖြစ်ကြောင်း မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

 

ကျော်မိုး(ပြန်/ဆက်)