နေပြည်တော် ၃ ဖေဖော်ဝါရီ
ယနေ့နံနက် (ဝ၀)နာရီ၊ (ဝ၂)မိနစ်၊ (၃၅) စက္ကန့်တွင် ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက် (၃၃)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။
အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၅.၂၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၂၂) ဒီဂရီ၊ အနက် (၉၄)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။
MDN