အောင်လံ ၃ ဖေဖော်ဝါရီ
အောင်လံမြို့ သီတဂူဇောတိက စက္ခုဒါနဆေးရုံတွင် ဖေဖော်ဝါရီ ၂ ရက်မှ စတင်ကာ (၅)ကြိမ်မြောက်အဖြစ် အခမဲ့ မျက်စိခွဲစိတ် ကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ မျက်စိခွဲစိတ်ကုသရာတွင် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာသိန်းမြင့်(အင်္ဂလန်) ဦးဆောင်သော မျက်စိအထူးကု ဆရာဝန်နှင့် ဆရာမ ၁၈ ဦးတို့က စက္ခုဒါန အလှူတော်အဖြစ် ရန်ကုန်မြို့နေ ပိုင်ကုမ္ပဏီ မိသားစု၏ ပံ့ပိုးလှူဒါန်းမှုဖြင့် အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခမဲ့ မျက်စိခွဲစိတ်ကုသခြင်းကို သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူ ဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှုဖြင့် ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တို့တွင် အောင်လံမြို့ သီတဂူဇောတိက စက္ခုဒါနဆေးရုံတွင် ပြုလုပ်ခြင်း ဖြစ်သည်။
သိန်းလွင်(အောင်လံ)


