နယူးဒေလီ ၄ ဖေဖော်ဝါရီ
အိန္ဒိနိုင်ငံမြောက်ပိုင်းတွင် ရထားတစ်စီး ပြေးလမ်း ချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ခြောက်ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ယမံနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
တွဲဆိုင်း ၂၃ တွဲပါဝင်သော ခရီးသည်တင်ရထားသည်ဖေဖော်ဝါရီ ၃ ရက် နံနက် ၄ နာရီဝန်းကျင်အချိန်တွင် နယူးဒေလီသို့ ဦးတည်မောင်းနှင်လျက်ရှိစဉ် ဘီဟာပြည်နယ်တွင် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲအရာရှိများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အိန္ဒိနိုင်ငံတွင် ရထားမတော်တဆဖြစ်ပွားမှု အရေအတွက် ၁၀ဝ ခန့် နှစ်စဉ် ဖြစ်ပွားလျက်ရှိသည်။
ရထားများ၏ သက်တမ်းကြာမြင့်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု နည်းပါးခြင်းတို့သည် မတော်တဆဖြစ်ပွားမှုများ၏ အကြောင်းရင်းခံဖြစ်ကြောင်း၊ လွန်ခဲ့သော ငါးနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မတော်တဆမှုဖြစ်စဉ်များကြောင့်လူပေါင်း ၆၀ဝ ကျော်သေဆုံးခဲ့ရကြောင်း မှတ်တမ်းများအရ သိရသည်။
ထို့ကြောင့် ဂျပန်ကျွမ်းကျင်ပညာရှင်များက အိန္ဒိယမီးရထားဝန်ထမ်းများအား စွမ်းရည်မြှင့်တင်ရေးသင်တန်းများ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သို့သော် အိန္ဒိယအစိုးရအနေဖြင့် မတော်တဆဖြစ်ပွားမှုများ လျော့နည်းသွားစေရန် ပိုမိုကြိုးပမ်း လုပ်ဆောင်သင့်ကြောင်း ဒေသန္တရမီဒီယာက သတင်း ဖော်ပြကြသည်။
အင်န်အိတ်ချ်ကေ