ကိုင်ရို ၄ ဖေဖော်ဝါရီ
လွန်ခဲ့သောနှစ်ပေါင်း ၂၀ဝဝ ကျော်ခန့်က မံမီရုပ်အလောင်းများမှာ အကောင်း ပကတိပင် ရှိနေသေးသည်။ အီဂျစ်နိုင်ငံ အလယ်ပိုင်းတွင် မြှုပ်နှံထားသော lemaic ခေတ်က မံမီရုပ်အလောင်း ၄၀ ကျော်ကို အီဂျစ်နိုင်ငံတွင် စနေနေ့က ပြသခဲ့သည်။ ပြသထားသည့် မံမီရုပ် အလောင်း ၄၀ ခန့်တွင် ကလေးအလောင်း ၁၂ လောင်းနှင့် တိရစ္ဆာန်အလောင်း ခြောက်လောင်းတို့ ပါဝင်ကြောင်း၊ ကျန်သည့်မံမီများမှာ အရွယ်ရောက်ပြီး သား အမျိုးသားများနှင့် အမျိုးသမီးများ ဖြစ်ကြောင်း ရှေးဟောင်းသုတေသန ပညာရှင် ရာမီရက်စ်မီက အေအက်ဖ်ပီ သို့ ပြောသည်။
မံမီအလောင်းများကို ရွှံ့စေးဖြင့် ပြုလုပ်ထားသော ခေါင်းတလားများတွင် ထည့်ထားပြီး ကြေမွပျက်စီးနေသည့် အခန်းများ၌ ထည့်ထားသည်ကို တွေ့ရသည်။Minya ဂူသင်္ချိုင်း တူးဖော်မှုကို လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စုပေါင်းမြှုပ်နှံထားရာ ဂူသင်္ချိုင်းတစ်ခုဖြစ်ကြောင်း၊ လူချမ်းသာမိသားစုတစ်စု ပိုင်သည့် သင်္ချိုင်းတစ်ခုဖြစ်နိုင်ကြောင်း ရှေးဟောင်းသုတေသနဝန်ကြီးဌာနက ပြော သည်။
မံမီအလောင်းများထဲတွင်ခွေးများ၏ အလောင်းများလည်း ပါဝင်ရာ ၄င်းတို့၏ သေဆုံးမှုမှာ မည်သို့ အရေးပါသည်ကို တွေ့နိုင်သည်။
ချစ်ခင်မြတ်နိုးလှသည့် အိမ်မွေး တိရစ္ဆာန်များဖြစ်သောကြောင့် ယခုလို ဂူသင်္ချိုင်းတွင် မြှုပ်နှံခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။
အေအက်ဖ်ပီ