ခါတွန် ၄ ဖေဖော်ဝါရီ
ဗဟိုအာဖရိကပြည်ထောင်စုအစိုးရအဖွဲ့ နှင့် လက်နက်ကိုင်အုပ်စု ၁၄ ခုတို့သည် လူပေါင်းများစွာသေဆုံးခဲ့ရသည့် ပဋိပက္ခဖြစ်ပွားမှုများ အဆုံးသတ်စေမည့် ငြိမ်းချမ်းရေး သဘောတူညီမှုတစ်ရပ်ကို စနေနေ့တွင် ရရှိခဲ့ကြောင်းသိရသည်ဟု သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကြားဝင် စေ့စပ်ညှိနှိုင်းသူများက ပြောကြားခဲ့သည်။
လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများပေါ်ပေါက် နေချိန် ခါတွန်၌ အာဖရိကပြည်ထောင်စုနှင့် ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက် ပေးခဲ့သည့် ဆွေးနွေးပွဲများကို ရပ်နားလိုက်ပြီး နောက်တစ်ရက်အကြာတွင် သမ္မတ ဖော်စတင်အာချိန်းတူဒီယာ အစိုးရအဖွဲ့က ၂၀၁၂ ခုနှစ်မှ စတင်ကာ ခုနစ် ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည့် အဆိုပါ သဘောတူညီမှုကို တွစ်တာပေါ်၌ ကြေညာခဲ့သည်။
Smail Chegui ငြိမ်းချမ်းရေး နှင့်လုံခြုံရေးဆိုင်ရာ အာဖရိက ပြည်ထောင်စုကော်မရှင်နာကလည်း သဘောတူညီမှုရရှိကြောင်း အတည်ပြုခဲ့သည်။
ဇန်နဝါရီ ၂၄ ရက်ကစတင်ခဲ့သည့် ဆွေးနွေးပွဲများသည် သူပုန်များက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းဆို မှုများအပါအဝင် အခြားသော အကြောင်းကိစ္စအချို့နှင့် ပတ်သက်၍ မကြာခဏ ရပ်ဆိုင်းခဲ့ရသည်။
အေအက်ဖ်ပီ