တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၇ ဒသမ ၂၇ သန်းကျော်ရှိလာ

 

ဆိုးလ်  မေ ၁

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၃၇၇၇၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၇၂၇၅၆၄၉ ဦးရှိလာကြောင်း တောင်ကိုရီးယား ကျန်းမာရေး အာဏာပိုင်များက မေ ၁ ရက်တွင် ပြောကြားသည်။

 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၈၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၂၂၈၇၅ ဦးရှိလာကြောင်း  တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။   အဆိုပါ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည်  နိုင်ငံအတွင်း သေဆုံးသူ စုစုပေါင်း၏ သုည ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

 

တောင်ကိုရီးယားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်း သို့မဟုတ် ၄၄၅၄၈၁၃၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် လူဦးရေ ၃၃၁၂၅၁၃၇ ဦး သို့မဟုတ် နိုင်ငံလူဦးရေ၏ ၆၄ ဒသမ ၅ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။   

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်