ညောင်ဦးခရိုင်တွင် လူဦးရေ ၅၀၉၅၄၈ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီဖြစ်

ညောင်ဦး  မေ  ၆

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုမှာ မေ ၆ ရက် နံနက်ပိုင်းအထိ ၅၁၇၅၉၀ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

 

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦး မြို့နယ်တို့တွင် သတ်မှတ်စုရပ်နေရာအသီးသီး၌ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦး မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူ ၂၅၁၅၆၃ ဦး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု ၂၆၆၀၂၇ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ညောင်ဦးခရိုင်တွင် ကိုဗစ်-ရောဂါ ကာကွယ်ဆေး ၅၁၇၅၉၀ ဦး ထိုးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ဝေးလံသည့်ဒေသများနှင့် လာရောက်ဆေးထိုးရန် မလွယ်ကူသည့် နေရာဒေသများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးတိုးလွင် ထံက သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း