ဝယ်လင်တန် မေ ၉
နယူးဇီလန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်အမျိုးအစားသစ် BA.5 ကူးစက်ခံရသူကို ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိကြောင်း နယူးဇီလန်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူသည် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ရောဂါကူးစက်ခံရသူ ၁၂၃၉၂ ဦးအနက် တစ်ဦးဖြစ်သည်။ ၎င်းသည် တောင်အာဖရိကနိုင်ငံမှ နယူးဇီလန် နိုင်ငံသို့ အလည်အပတ် လာရောက်သူဖြစ်ကြောင်း သိရသည်။
အလားတူ မေ ၁ ရက်တွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် BA.4 ကူးစက်ခံရသူကိုလည်း စစ်ဆေး တွေ့ရှိခဲ့သည်။ ၎င်းသည်လည်း တောင်အာဖရိက နိုင်ငံမှဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။ ဗီဇပြောင်းဗိုင်းရပ်စ် မျိုးကွဲတစ်ခုချင်းစီ၏ လက္ခဏာများကို အကဲဖြတ်ရန် ကျန်းမာရေးဝန်ကြီးဌာနက အနီးကပ်စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၃၉၂ ဦးစစ်ဆေးတွေ့ရှိရပြီး ၁၅ ဦး ထပ်မံသေဆုံးကြောင်း သိရသည်။ လက်ရှိတွင် ရောဂါကူးစက်ခံရသူပေါင်း ၉၈၆၂၆၁ ဦးရှိပြီဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်