နေပြည်တော် ၄ ဖေဖော်ဝါရီ
မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၃ ရက် မွန်းတည့် ၁၂ နာရီတွင် ကျောက်ဆည်မြို့နယ်၊ လက်ပန်ကျေးရွာ၊ အမှတ်(၁၀)ရပ်ကွက်၊ ရွာလယ်ဗလီလမ်းနေ ငရွှင်(ခ)ဇော်ခန့်(ခ)စလစ်မွတ်တစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၉၀၀ ကိုလည်းကောင်း တွေ့ရှိခဲ့သည်။
အလားတူ ယင်းနေ့ ညနေ ၆ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၄၂)ရန်ကုန်(အနောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းနှင့် ရေတံခါးကန်ပတ်လမ်းထောင့်အနီးတွင်တွေ့ရှိသူ ဒေါ်ခင်မြတ်သူအား စစ်ဆေးရှာဖွေရာ ၎င်းကိုင်ထားသည့် စက္ကူဘူးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၈၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာ၊ ဘောဂလမ်းရှိ ၄င်း၏နေအိမ်အားဝင်ရောက်ရှာဖွေရာ ခင်ပွန်းဖြစ်သူ အောင်မျိုးသွင်(ခ)ကုလားအား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၉၈၀ ကိုထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောေဆးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
MDN