နေပြည်တော် ၄  ဖေဖော်ဝါရီ  

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ Chatrium Hotel ၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန သည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ကမ္ဘာခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ အာရှလူမျိုးခရီးသွား ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗီဇာဖြေလျှော့မှုများကို သက်ဆိုင် သည့် ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသဖြင့် ဖွံ့ဖြိုးတိုးတက်မှုများလည်းရရှိခဲ့ပါ ကြောင်း၊ ယခုထပ်မံပြီးအနောက်ဥရောပမှ ခရီးသွားဧည့်သည်များပိုမိုလာရောက်၍ မြန်မာနိုင်ငံ ၏ အေးချမ်းသာယာသည့် ပကတိအခြေအနေကို ပြသနိုင်ရန်အတွက်လည်း ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အနောက်ဥရောပ ခရီးသွားဈေးကွက်မြှင့်တင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အတွက် ဆောင်ရွက်သင့်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းပေးသည်။ 

 

(သတင်းစဉ်)

 

IMG_201902