ဆိုးလ် မေ ၁၆
တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၂၉၆ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် အဆိုပါရောဂါကူးစက်ခံရသူ ပေါင်း ၁၇၇၉၅၃၅၇ ဦး ရှိလာကြောင်း တောင်ကိုရီးယားကျန်းမာရေး အာဏာ ပိုင်များက ယနေ့တွင် ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၅ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၂၃၇၄၄ ဦးရှိလာကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။ အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် နိုင်ငံအတွင်း သေဆုံးသူပေါင်း၏ သုည ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၌ နိုင်ငံ လူဦးရေ၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်း သို့မဟုတ် ၄၄၅၆၂၇၉၈ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် လူဦးရေ ၃၃၂၂၆၂၉၉ ဦး သို့မဟုတ် နိုင်ငံလူဦးရေ၏ ၆၄ ဒသမ ၇ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်