မင်းတုန်း မေ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကြို့ကုန်း၊ မအူဒိုင်းနှင့် မိုးကောင်းကျေးရွာတို့တွင် မေ ၂၄ ရက် နံနက် ၁၀ နာရီက ဓာတ်အားပို့လွှတ်ခြင်းနှင့် ကြို့ကုန်းရွာတွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းအောင်ကျော်လင်း၊ မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်စိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် 11KVA လိုင်းဖြင့် ကြို့ကုန်းရွာတွင် 200KVA ထရန်စဖော်မာနှင့် မအူဒိုင်းရွာတွင် 100KVA လိုင်း ထရန်ဖော်မာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ပြီး မိုးကောင်းကျေးရွာ မီးလင်းရေးအတွက် NEP Phase-2 ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ 11KVA လိုင်း 100KVA ထရန်စဖော်မာဖြင့် ဓာတ်အားပို့လွှတ်နိုင်ပြီဖြစ်၍ မိုးကောင်းကျေးရွာမှတစ်ဆင့် ကြို့ကုန်းရွာနှင့် မအူဒိုင်းကျေးရွာသို့ ဓာတ်အားလိုင်း ချိတ်ဆက်ရသည့်အတွက် ကျေးရွာမီးလင်းရေး နောက်ကျရခြင်း ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်ထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)