စစ်ကိုင်း ၅ ဖေဖော်ဝါရီ
စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး တောင်ဖီလာချောင်၌ တရားစခန်းဖွင့် လှစ်လိုပါ က ကျောင်းတိုက်အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စစ်ကိုင်းတောင်၊ တောင်ဖီလာချောင်၌ တောင်ဖီလာဆရာတော်ဘုရားကြီး၏ ဥပနိဿအတိုင်း ဗုဒ္ဓမေတ္တာဝိပဿနာတရားစခန်းများ ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုအခါတွင် အစီအစဉ်အသစ်အရ ကမ္မဋ္ဌာန ဆရာကြီးများမှ မိမိတို့သင်ပြနေကြဖြစ်သော သမထ ကမဋ္ဌာန်း၊ဝိပဿနာ ကမ္မဋ္ဌာန်း၊ သမထ ဝိပဿနာကမ္မဋ္ဌာန်းတရားစခန်းများ တောင်ဖီလာကျောင်းတော်ရာဓမ္မဗိမာန်၌ ဖွင့်လှစ်လိုပါက တောင်ဖီလာဆရာတော်ဘုရားကြီး ဦးဝိလာသ၏ တပည့်များမှ အကျိုးဆောင် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါတွင် မိုးကောင်းချောင် ဆရာကြီး ဒေါ်နုကေသီမှ ဦးစီး၍ တောင်ဖီလာချောင် ၌ ပထမအကြိမ် သမထဝိပဿနာ (၇) ရက်တရားစခန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ တောင်ဖိလာချောင်အလယ်ကျောင်း စေတီတော်ကြီးအနီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့ တရားစခန်းဖွင့်လှစ်ရာ၌ယောဂီများ စားသောက်ရေးအတွက် အဆင်ပြေစေရန် စေတနာရှင်များ လှူဒါန်းထားသော စားသောက်ကုန်ပစ္စည်းများကို ယနေ့နံနက် ၈ နာရီ အချိန်တွင် တောင်ဖီလာ ချောင်အလယ်ကျောင်း၌ ပေးအပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။
တရားစခန်းဝင်လိုသည့် ယောဂီများအနေဖြင့် ဖေဖော်ဝါရီ ၆ ရက် ညနေ ၄ နာရီ မိုးကောင်းချောင် စုရပ်သို့ အရောက်လာကြပါရန်နှင့် တောင်ဖီလာတရားစခန်းသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း နိုးဆော်ထားပြီး ဆရာကြီးဆရာလေးများက သင်ကြားပေးမည်ဖြစ်ကာ မည်သူမဆို တက်ရောက်၍ တရားရှုမှတ်နိုင်ကြောင်း သိရသည်။
ခိုင်ဇေယျ( ဝ၇၅ )