မန္တလေး ၅ ဖေဖော်ဝါရီ 


မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၉ ခုတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများ ထူထောင်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေရှင်းထံမှ သိရသည်။

 

123


မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးသူနှင့် မသောက်သုံးသူရှိရာတွင် ဆေးလိပ်မသောက်သည့်သူများ အနေဖြင့် တစ်ဆင့်ခံ ဆေးလိပ်ရှုရှိုက်မိခြင်းကို ကာကွယ်နိုင်ရန်အတွက် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများ ထူထောင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။


"အခုခေတ်က အသက်မပြည့်သေးတဲ့သူတွေလဲ ဆေးလိပ်သောက်နေကြတယ် အဲ့တာတွေ ပပျောက်သွားအောင်လုပ်ဖို့အတွက်က တော်တော်လေး အချိန်ယူရမယ် ။ ဆေးလိပ်သောက်ရင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာမယ် ဆိုတာတွေကို ဆိုင်းဘုတ်တွေထောင်ပြီး ပညာပေးတာတွေ ဟောပြောတာတွေ လုပ်သွားမယ်" ဟု ယင်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က ပြောသည်။


ယင်းနယ်မြေများကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင် ယခုနှစ်အတွင်းမှစတင်ပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံခြားသားများ လာရောက်သည့်နေရာ၊ ဆေးရုံ၊ ကျောင်း၊ တက္ကသိုလ်များတွင် ဆေးလိပ်သောက်သုံးခြင်းနှင့်ပတ်သက်၍ ဆိုင်းဘုတ်များထောင်ခြင်း၊ အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။


သူရိန်လင်း