နယူးဒေလီ မေ ၃၀
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၀၆ ဦးထပ်မံတွေ့ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၄၃၁၅၅၇၄၉ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး အချက်အလက်များအရ သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၂၅ ဦး ထပ်တိုးလာခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၄၆၁၁ ဦးရှိလာကြောင်း သိရသည်။
လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာစုစုပေါင်း ၁၇၆၈၉ ဦး
ရှိကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်
ကျန်းမာလာသူ ၂၀၇၀ ထပ်မံတွေ့ရှိသဖြင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၄၂၆၁၃၄၄၀ ရှိလာကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-အလင်းသစ်