၅ ဖေဖော်ဝါရီ
မြန်မာနိုင်ငံအတွင်းရှိ နယ်ပယ်စုံမှထူးချွန်သူများကို ပထမဆုံးအကြိမ်အဖြစ် Pride of Myanmar 2018 ခေါင်းစဉ်ဖြင့် ပြည်တွင်း၌သာမက နိုင်ငံတကာအဆင့်တွင်ပါ မြန်မာကို ကမ္ဘာကသိအောင် ထူးခြားပြောင်မြောက်စွာ ဆောင်ရွက်နိုင်သူများကို ပေးအပ်ခြင်းဖြစ်ပြီး၊ အနုပညာနှင့် စာပေကဏ္ဍတွင် Performance artist မိုးစက်ကလည်းကောင်း၊ လူမှုဆံဆက်ရေးနှင့် လူထုရေးရာကဏ္ဍတွင် ပရဟိတသမားနှင့် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Joshua ချစ်ထွန်းကလည်းကောင်း၊ စီးပွားရေးစွန့်ဦးတီထွင်ဆန်း သစ်မှုကဏ္ဍတွင် Rangoon Tea House ၏ ပဲ့ကိုင်ရှင် ကိုထက်မြတ်ဦးကလည်းကောင်း၊ ဖျော်ဖြေရေး ကဏ္ဍတွင် အကယ်ဒမီအိန္ဒြာကျော်ဇင်က လည်းကောင်း၊ ဖက်ရှင်ကဏ္ဍတွင် သရုပ်ဆောင် မော်ဒယ် မေမြတ်နိုးကလည်းကောင်း၊ အားကစားကဏ္ဍတွင် ဘောလုံးသမား အောင်သူကလည်းကောင်း၊ လူမှုမီဒီယာတွင် တစ်နှစ်တာအတွင်း လွှမ်းမိုးထားနိုင်သူများကဏ္ဍတွင် beauty blogger နေခြည်ဦးကလည်းကောင်း၊ ဘဝတစ်သက်တာ အောင်မြင်မှုကဏ္ဍတွင် ပန်းချီဆရာကြီး ဦးလွန်းကြွယ်ကလည်းကောင်း၊ အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
"ဒီဆုပေးအပ်ပွဲကနေ၊ အူဝဲကို ပေးအပ်ချီးမြှင့်တဲ့ ဆုကတော့ ဖျော်ဖြေတင်ဆင်မှုပိုင်းဆိုပြီး သိရတယ်၊ နယ်ပယ် အသီးသီးက၊ သူနေရာနဲ့သူ အောင်မြင်နေကြသူတွေကို ဂုဏ်ပြုပေးအပ်တာလို့လည်း သိရတယ်၊ အူဝဲအနေနဲ့ ပြောချင်တာကတော့ ကိုယ့်ကိုယ်ကို အောင်မြင်တယ်ဆိုပြီး ဂုဏ်တပ်ခြင်းတာမျိူးတော့ မဟုတ်ပါဘူး၊ ကိုယ်ကြိုးစား တယ် ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့ ပွဲတစ်ခုလို့ပဲ မြင်ပါတယ်၊ အဲ့အတွက်လည်း၊ ဝမ်းသာရပါတယ်၊ ဒီလိုပွဲမျိူးတွေ လုပ်ပေးတဲ့အတွက် ကိုယ့်လို့ လူငယ်တွေရော၊ နောက်ထပ်လူငယ်တွေ၊ လူငယ်တွေ အများကြီး၊ ကြိုးစားချင်တဲ့ စိတ်တွေ ပိုပြီး ရှိလာတယ်လို့ အူဝဲကတော့၊ ပြောချင်ပါတယ်၊ တစ်နှစ်တာအကောင်းဆုံး ဆုလိုသူတို့ဘက်ကနေ၊ ရွေးချယ်ရေးအဖွဲ့တွေ ရှိတယ်လေ၊ အဲ့လိုသေချာစီစစ် ရွေးချယ်ပြီး၊ ဒီဆုကိုပေးအပ်ကြတာဆိုတော့၊ ဘာပြောပြော ဒီလိုပွဲမျိူးတွေ ရှိလာတာ ပိုကြိုးစားချင်စိတ်တွေ ဖြစ်လာပါတယ်၊ ပြီးတော့ အူဝဲ အခုလို ဆုရတယ်ဆိုတာကလည်း ပရိသတ်တွေ ရဲ့ အူဝဲအပေါ်ထားတဲ့ မေတ္တာ၊ စေတနာတွေကြောင့်ရယ်၊ ပြီးတော့ အူဝဲကလည်း၊ ကိုယ်လုပ်တဲ့ အလုပ်အပေါ် သေချာကြိုးစားတာကြောင့် အခုလို ပြန်ရတာပေါ့နော်" ဟု အကယ်ဒမီ အိန္ဒြာကျော်ဇင်က ပြောဆိုသည်။
ကိုလင်း