မိုးကောင်း ဇွန် ၄
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကျွန်းတောရပ်ကွက်ရှိ နှီးဘုရားဝင်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၄ ရက် နံနက်ပိုင်းက မိုးရာသီ သစ်ပင် ၁၀၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့်ကျောင်းသား ကျောင်းသူများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ကျွန်းပင် ၂၀၀၊ ပျဉ်းကတိုးပင် ၂၀၀၊ မျောက်ငိုပင် ၅၀၊ တောင်တမာပင် ၁၅၀၊ ခရေပင် ၁၀၀၊ ဂန့်ဂေါ်ပင် ၁၀၀နှင့် မဟော်ဂနီပင် ၁၀၀ တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)