၅ ဖေဖော်ဝါရီ 

 

အမေရိကန်နိုင်ငံရဲ့ မြောက်ကိုရီးယားအတွက် အထူးကိုယ်စားလှယ်ဟာ မြောက်ကိုရီးယားနိုင်ငံကို ဒီကနေ့ သွားရောက် ကြောင်းသိရပါတယ်။ 

 

အထူးကိုယ်စားလှယ် စတီဖင် ဘီဂန် ဟာ မြောက်ကိုရီးယားတာဝန်ရှိသူ ကင်ယောက်ချို နဲ့ တွေ့ဆုံပြီး ထရန့်နဲ့ ကင်ဂျုံအွန်းတို့ရဲ့ ဒုတိယအကြိမ် တွေ့ဆုံပွဲအတွက် ပြင်ဆင်မယ်လို့ သိရပါတယ်။ 

 

တနင်္ဂနွေနေ့က CBS ရုပ်မြင်သံကြားနဲ့ တွေ့ဆုံခန်းမှာ သမ္မတ ထရန့်က  ဒုတိယအကြိမ် ဆွေးနွေးပွဲအတွက် နေရာနဲ့နေ့ရက်ကို မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သဘောတူပြီးဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးနိုင်ကြောင်းနဲ့ ဒီလအတွင်းမှာ ဖြစ်နိုင်ကြောင်း ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။ 

 

ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် အမျိုးသားစုံစမ်းစစ်ဆေးရေးဒါရိုက်တာက မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေ စွန့်လွှတ်ဖို့ မရှိနိုင်ဘူးလို့ ကွန်ကရက်မှာ ပြောကြားခဲ့ပါသေးတယ်။ 

 

MDN
ကိုးကား - AFP