နေပြည်တော် ၅ ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၄ ရက် ည ၉ နာရီ မိနစ် ၅၀ တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်ရှိ သော့ခတ်ထားသည့် နေအိမ်တစ်အိမ်အတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ် (၁၂)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၃ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့သည်။
စစ်ဆေးချက်အရ ၎င်းရပ်ကွက်နေ ဟန်လင်းအောင် (၄၄)နှစ်သည် နေအိမ်ဧည့်ခန်း TV အနီး၌ Power Bank အား အားသွင်းကာ အပြင်သို့ သွားရောက်နေစဉ် Power Bank အပူလွန်ကဲ၍ ပေါက်ထွက်ခဲ့ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး တန်ဖိုးငွေကျပ် (၂)သိန်းခန့် မီးလောင်ဆုံးရှုံးကြောင်း၊ ဟန်လင်းအောင်အား တာမွေမြို့မရဲစခန်း (ပ)၁၃၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN