ကော့ကရိတ် ဇွန် ၁၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇွန် ၉ ရက် နံနက်ပိုင်းက ကော့ကရိတ်မြို့ ဒေါနခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝေက ခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များ တင်ပြကာ ဝန်ကြီးချုပ်မှကော့ကရိတ်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း ၁၀၀၀၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် နယ်လုံဝန်ကြီးမှ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအား ငွေကျပ် ၁၀ သိန်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ငွေကျပ် ငါးသိန်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ပေးအပ်ခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်က ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည်များ၊ လိုအပ်သည်များနှင့် အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရန် ပြောကြားရာ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးဏ္ဍတို့အား သက်ဆိုင်ရာဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)