​ကော့ကရိတ်      ဇွန်      ၁၀

 

ကရင်ပြည်နယ်၊ ​ကော့ကရိတ်ခရိုင်၊​ ကော့ကရိတ်မြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇွန် ၉ ရက် နံနက်ပိုင်းက ကော့ကရိတ်မြို့ ​ဒေါနခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်း​ဝေက ခရိုင်၏​ ဒေသဆိုင်ရာအချက်အလက်များ တင်ပြကာ ဝန်ကြီးချုပ်မှ​​ကော့ကရိတ်မြို့နယ်​ ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်း ​ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း ၁၀၀၀၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် နယ်လုံဝန်ကြီးမှ လုံခြုံ​ရေးတာဝန်ထမ်း​ဆောင်​နေ​သော တပ်မ​တော်သားများအား ငွေကျပ် ၁၀ သိန်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ငွေကျပ် ငါးသိန်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများသို့​ ပေးအပ်ခဲ့သည်။

 

ယင်း​နောက်​ ဝန်ကြီးချုပ်က ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ​​ဆောင်ရွက်လိုသည်များ၊  လိုအပ်သည်များနှင့် အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရန် ပြောကြားရာ ကျန်းမာ​ရေးကဏ္ဍ၊ စိုက်ပျိုး​ရေးဏ္ဍတို့အား သက်ဆိုင်ရာဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။ အဆိုပါ​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်​ရောက်​ခဲ့ကြသည်။

 

ခင်မျိုးဝင်း(ပြန်/ဆက်)