ရေး ဇွန် ၁၀
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မေ ၂၂ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဒဏ်ခံစားခဲ့ရသည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဇွန် ၁၀ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အိမ်အမိုးများ လန်ထွက်သွားသည့် ရင်းရယ်ကျေးရွာအုပ်စု ရင်းရယ်ကျေးရွာနှင့် ရင်းဒိန်းကျေးရွာတို့မှ အိမ် ၁၀ လုံးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် အဖွဲ့ဝင် ဦးမျိုးအောင်တို့က မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ရန်ပုံငွေမှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၅၇၁၄၀ နှုန်းဖြင့် အိမ်ထောင်စု ၁၀ စုအတွက် စုစုပေါင်းငွေကျပ် ၅၇၁၄၀၀ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေး(ပြန်/ဆက်)