ရေး     ဇွန်     ၁၀

 

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ​မေ  ၂၂ရက်​က မိုးသည်းထန်စွာ ရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ဒဏ်ခံစားခဲ့ရသည့် လေ​ဘေးသင့်ပြည်သူများအား ​ထောက်ပံ့​ငွေ​ပေးအပ်ပွဲကို ဇွန် ၁၀ ရက် နံနက်ပိုင်းက မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ​အိမ်အမိုးများ လန်ထွက်သွားသည့်  ရင်းရယ်​ကျေးရွာအုပ်စု ရင်းရယ်ကျေးရွာနှင့် ရင်းဒိန်း​ကျေးရွာတို့မှ ​အိမ် ၁၀ လုံးအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် အဖွဲ့ဝင် ဦးမျိုး​အောင်တို့က မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝ​ဘေးအန္တရာယ် စီမံခန့်ခွဲ​ရေး ရန်ပုံ​ငွေမှ အိမ်​ထောင်စု တစ်စုလျှင် ငွေကျပ် ၅၇၁၄၀ နှုန်းဖြင့် အိမ်​ထောင်စု ၁၀ စုအတွက် စုစု​ပေါင်း​ငွေကျပ် ၅၇၁၄၀၀ ကို ​ထောက်ပံ့ ပေးအပ်ခဲ့​ကြောင်း သိရသည်။

 

ရေး(ပြန်/ဆက်)